၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖတ်ထနာနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ကရိန်းကျိုးကျမှုဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများအနက် အမျိုးသားလုပ်သားမှာ ကရိန်းပိမိ၍ ပြင်းထန်စွာဒဏ်ရာရရှိကာ သတိမေ့မြောသွားခဲ့ပြီး အမျိုးသမီးလုပ်သားမှာ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့နှစ်ဦးအား လူမှုကယ်ဆယ်ရေးအဖွဲ့များက ဝိမုထေ့ဖာလင်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရပြီး လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီတို့က အဆိုပါလုပ်ငန်းခွင်မတော်တဆမှုအား အသေးစိတ်စစ်ဆေးလျက်ရှိပါသည်။
Feb 08 • 3:26 AM
Thailand
Local News
Share
| 27 | 0 | 0 | 0 |


