back

ထိုင်းရွေးကောက်ပွဲကြောင့် ၂၄ နာရီကြာ အရက်သေစာရောင်းချခွင့်နှင့် သောက်သုံးခွင့်ကို ထိုင်းအစိုးရ တားမြစ်ပိတ်ပင်

Feb 08 • 3:25 AM

breaking-news

Thailand

Local News

cover

ထိုင်းရွေးကောက်ပွဲကြောင့် ၂၄ နာရီကြာ အရက်သေစာရောင်းချခွင့်နှင့် သောက်သုံးခွင့်ကို ထိုင်းအစိုးရ တားမြစ်ပိတ်ပင်

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရပ်ရွာအေးချမ်းတည်ငြိမ်စေရန် ရည်ရွယ်၍ ယနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီမှ မနက်ဖြန် ညနေ ၆ နာရီအထိ ...

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရပ်ရွာအေးချမ်းတည်ငြိမ်စေရန် ရည်ရွယ်၍ ယနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီမှ မနက်ဖြန် ညနေ ၆ နာရီအထိ အရက်သေစာရောင်းချခြင်းနှင့် သောက်သုံးခြင်းများကို ယာယီပိတ်ပင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါကာလအတွင်း အရက်၊ ဘီယာ၊ ဝိုင် အစရှိသည်တို့ကို ရောင်းချခြင်း၊ ဝေငှခြင်းနှင့် ပါတီပွဲများတွင် သောက်သုံးခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ဘတ် ၁၀၀၀၀ အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သတိပေးထားသည်။ ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် ဥပဒေကြောင်းအရ အရေးယူခံရမှုမရှိစေရန် သတ်မှတ်ထားသည့် တားမြစ်ချက်များကို အထူးဂရုပြု လိုက်နာကြရန် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက တိုက်တွန်းနှိုးဆော်ထားပါသည်။

news-view-count-icon

23