back

ရပ်စောက်မြို့နယ်တွင် ငွေကြေးလုယူရန် ကားတား၍ သတ်ဖြတ်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး သေဆုံး

Feb 08 • 3:24 AM

breaking-news

Myanmar

Shan

cover

ရပ်စောက်မြို့နယ်တွင် ငွေကြေးလုယူရန် ကားတား၍ သတ်ဖြတ်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ-ရပ်စောက် ကားလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်က ကားလမ်းပေါ်၌ ပိတ်ဆို့တားဆီးကာ လုယက်သတ်ဖြတ်မှုတစ်ခု ဖ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ-ရပ်စောက် ကားလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်က ကားလမ်းပေါ်၌ ပိတ်ဆို့တားဆီးကာ လုယက်သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အသတ်ခံရသူမှာ အသက် ၃၀ ဝန်းကျင်အရွယ် ပဲပွဲရုံဝန်ထမ်း အမျိုးသားတစ်ဦးဖြစ်ပြီး ပဲကောက်ရန်အတွက် ငွေအမြောက်အမြား သယ်ဆောင်လာစဉ် သတင်းကြိုရရှိထားသည့် လုယက်သူများက မန်ကျည်းကုန်းရွာနှင့် ကျောက်ဆုံရွာအကြားတွင် တားဆီးကာ ငွေကြေးများလုယူ၍ အစဖျောက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းအား ကျောက်ဂူဆေးရုံမှတစ်ဆင့် ပြန်လည်ရယူကာ သင်္ဂြိုဟ်ပြီးစီးပြီဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်တွင် လူရင်းများ ပါဝင်ပတ်သက်နိုင်ခြေရှိကြောင်း နီးစပ်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

news-view-count-icon

34