back

သက်ငယ်မုဒိမ်း ကျူးလွန်သူများကို သေဒဏ်ပေးမည်ဟု တရုတ်အစိုးရ ကြေညာ

Feb 08 • 3:23 AM

breaking-news

China

Local News

cover

သက်ငယ်မုဒိမ်း ကျူးလွန်သူများကို သေဒဏ်ပေးမည်ဟု တရုတ်အစိုးရ ကြေညာ

တရုတ်နိုင်ငံတွင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု (သက်ငယ်မုဒိမ်းမှု) ကျူးလွန်သူများကို သေဒဏ်အထိ ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြင်ဆင်လိုက်ကြောင်း တရုတ်အစ...

တရုတ်နိုင်ငံတွင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု (သက်ငယ်မုဒိမ်းမှု) ကျူးလွန်သူများကို သေဒဏ်အထိ ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြင်ဆင်လိုက်ကြောင်း တရုတ်အစိုးရက ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကလေးငယ်များ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် ဘေးကင်းလုံခြုံမှုအတွက် လူထု၏လိုလားချက်အရ ယခုကဲ့သို့ ပြင်းထန်သော ဥပဒေကို ပြဌာန်းရခြင်းဖြစ်ကြောင်း သိရသည်။ UNICEF ၏ စစ်တမ်းများအရ တရုတ်နိုင်ငံတွင် အသက် ၂၀ အောက် အမျိုးသမီးငယ် ၁၀ ဦးလျှင် တစ်ဦးနှုန်းမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုကို ကြုံတွေ့နေရပြီး၊ ယခုဥပဒေသစ်သည် ကလေးသူငယ်စောင့်ရှောက်မှုကဏ္ဍကို မြှင့်တင်ရန် ခိုင်မာသော ကတိကဝတ်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

news-view-count-icon

15