back

တာချီလိတ်မြို့၌ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားအား တိုင်းရင်းသားရိုးရာ အကအလှများဖြင့် စည်ကားစွာကျင်းပ

Feb 08 • 3:22 AM

breaking-news

Myanmar

Shan

cover

တာချီလိတ်မြို့၌ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားအား တိုင်းရင်းသားရိုးရာ အကအလှများဖြင့် စည်ကားစွာကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ဆေခမ်းရပ်ကွက်ရှိ ရှမ်...

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ထံမှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ ရှမ်းပြည်နယ်နေ့ သမိုင်းကြောင်းအား ရှင်းလင်းတင်ပြခြင်းနှင့် ရှမ်း၊ အာခါ၊ လားဟူ၊ ပအိုဝ်း အစရှိသည့် တိုင်းရင်းသားအဖွဲ့ပေါင်းစုံမှ ရိုးရာအကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် တာဝန်ရှိသူများက အလှူရှင်များနှင့် ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ခဲ့ပြီး၊ ခင်းကျင်းပြသထားသည့် ရှမ်းသမိုင်းပြခန်းများနှင့် အားကစားပြိုင်ပွဲများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

31