back

တာမွေမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားချင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွား

Feb 08 • 3:27 AM

breaking-news

Myanmar

Yangon

cover

တာမွေမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားချင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဇောတိကလမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က အလုပ်သမားနှစ်ဦ...

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဇောတိကလမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က အလုပ်သမားနှစ်ဦး စကားများရာမှတစ်ဆင့် ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးတွင် ဝမ်းဗိုက်အူထွက်ဒဏ်ရာနှင့် ဘယ်လက်မောင်း ပြတ်ရှဒဏ်ရာများဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူအား "ကိုပူတူးနှင့်ဘော်ဒါများ" လူမှုကူညီရေးအသင်းက မြေပြင်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကြီး အရေးပေါ်ဌာနသို့ အချိန်မီ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

news-view-count-icon

26