မန္တလေးမြို့ ၊ ဦးပိန်တံတားဘေးရှိ နေကြာပန်းခင်းတွင်၊ ပန်းအလှကြည့်ပြီးအမှတ်တရဓာတ်ပုံရိုက်သူများဖြင့် နေ့စဉ်စည်ကားနေကြောင်း ဒေသခံများထံကသိရပါတယ်။နေ့စဉ် နံနက်အစောပိုင်းနှင့် ညနေခင်းအချိန်များတွင်၊ လာရောက်ကြည့်ရှုအပန်းဖြေကြသူများဖြင့်စည်ကားနေ ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုပါတယ်။ဦးပိန်တံတားတည်ရှိရာတောင်သမန်အင်းနှင့်အနီး၀န်းကျင်တွင် တောင်မင်းကြီးဘုရား၊ ကျောက်တော်ကြီးဘုရား၊ ပုထိုးတော်ကြီးဘုရား စသည့်ရှေးဟောင်းသမိုင်းဝင်ဘုရားပုထိုးစေတီအများအပြားရှိပြီး ရုံးပိတ်ကျောင်းပိတ်ရက် များတွင် တစ်ရက်လျှင်ခရီးသွား(၁၀၀၀၀)နှင့်အထက် လာရောက်လည်ပတ်လေ့ရှိကြောင်း တံတားထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(တောင်မင်းကြီးဘုရားဂေါပက)မှ သိရပါတယ်။



