back

လိပ်စာမေးမြန်း၍မရသည့် အဘွားတစ်ဦးမိတ္ထီလာမှ မီးကင်းတဲပေါ်တွေ့ရှိဟုဆို

Jan 14 • 2:05 PM

breaking-news

မြန်မာ

မန္တလေး

cover

လိပ်စာမေးမြန်း၍မရသည့် အဘွားတစ်ဦးမိတ္ထီလာမှ မီးကင်းတဲပေါ်တွေ့ရှိဟုဆို

လိပ်စာမေးမြန်း၍မရသည့် အသက် ၈၀ ကျော်အရွယ်ရှိသောအဘွားတစ်ဦးကို မိတ္ထီလာမြို့မှ မီးကင်းတဲပေါ်၌တွေ့ရှိခဲ့ပြီး အကူအညီပေးနိုင်ရန် လိုအပ်သောစီစဉ်မှုများကို လုပ်ဆောင်နေက...

လိပ်စာမေးမြန်း၍မရသည့် အသက် ၈၀ ကျော်အရွယ်ရှိသောအဘွားတစ်ဦးကို မိတ္ထီလာမြို့မှ မီးကင်းတဲပေါ်၌တွေ့ရှိခဲ့ပြီး အကူအညီပေးနိုင်ရန် လိုအပ်သောစီစဉ်မှုများကို လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ အဘွားကို မိတ္ထီလာမြို့ ချည်စက်အုတ်ကျင်းရွာ စာသင်ကျောင်းအနီး မီးကင်းတဲပေါ်တွင် လွန်ခဲ့သောဆယ်ရက်ခန့်မှ စ၍ ရောက်ရှိနေကြောင်း ဆက်သွယ်အကြောင်းကြားလာမှုကြောင့် ဆရာတော်ဦးသဇ္ဇနဦးဆောင်သော အကူအညီပေးမည့်သူများက ယနေ့(ဇန်နဝါရီ ၁၃ ရက်)တွင်သွားရောက်ခဲ့ကြခြင်းလည်းဖြစ်သည်။ဒေသခံအချို့မှာ လာရောက်စွန့်ပစ်ထားခြင်းမျိုးဖြစ်နိုင်ကြောင်းကို မှတ်ချက်ပြုပြောကြားခြင်းများရှိကြောင်း သိရသည်။





news-view-count-icon

25