ယခုလက်ရှိရွေးကောက်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ေနသည့်PPPပါတီတည်ေထာင်သူေဒါ်သက်သက်ခိုင်နှင့်အတူ ပါတီဗဟိုကော်မတီဝင်တစ်ဦးကို ယမန်နေ့ညနေပိုင်း(ဇန်နဝါရီ ၁၃ရက်) က ဗိုလ်မှူးကြီးနှစ်ဦး ဦးဆောင်သော အင်အား ၂၀ က လာရောက်ဖမ်းဆီးသွားကြောင်း အတည်ပြုသတင်းရရှိပါသည်။ ၎င်းတို့အား ဖမ်းဆီးရသည့် အတိအကျအကြောင်းရင်းကို လက်ရှိအချိန်ထိ မသိရှိရသေးသော်လည်း၊ အဆိုပါဖမ်းဆီးမှုသည် အင်အားသုံး၍ ရုတ်တရက်ဝင်ရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း နီးစပ်သည့်သတင်းရင်းမြစ်များက ပြောကြားခဲ့ပါသည်။



