ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခုတင် (၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှာ နှုတ်ခမ်းကွဲ/အာခေါင်ကွဲလူနာတွေကို ခွဲစိတ်ကုသပေးခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)တပ်ဆင်ပေးခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို (၁၅-၁-၂၀၂၆) ရက်နေ့မှ စတင်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်။လတ်တလောမှာတော့ “ဝ” အထူးဒေသ၊ ပန်ဆန်းမြို့(ပန်ခမ်းမြို့)မှာ နှုတ်ခမ်းကွဲ/အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ သက်ကြီးဘိုးဘွားတွေကို သွားတု(အံကပ်) တပ်ဆင်ပေးခြင်းနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေဆောင်ရွက်ပေးလျက်ရှိပါတယ်။နှုတ်ခမ်းကွဲ/အာခေါင်ကွဲလူနာ (၅၀)ဦးအား လိုအပ်သော ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးခြင်း၊ သက်ကြီးဘိုးဘွား(၄၉)ဦးကို သွားတု(အံကပ်)တပ်ဆင်ပေးခြင်းနဲ့သက်ကြီးဘိုးဘွားနှင့်ဒေသခံပြည်သူ(၁၅၀)ဦးသွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း လုပ်ငန်းများကို (၁၀-၁-၂၀၂၆)ရက်မှ (၁၃-၁-၂၀၂၆) ရက်နေ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။



