ရုရှားတပ်များသည် ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ယူကရိန်းနိုင်ငံ၏ အကြီးဆုံးမြို့တော်ကြီး နှစ်ခုဖြစ်သော ကိယက်ဗ်မြို့နှင့် ခါကစ်ဗ်မြို့တို့ကိုယခုနှစ်၏ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများကပြောကြားသည်။ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် ရုရှားတပ်များသည် တစ်နာရီခန့်သာသာအတွင်း ဒုံးကျည်အစင်းပေါင်း ၂၀ ခန့်ဖြင့်ခါကစ်ဗ်မြို့နှင့် ကိယက်ဗ်မြို့တို့ကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းမီဒီယာများကလည်း အတည်ပြုသတင်းထုတ်ပြန်ထားသည်။လက်ရှိအချိန်တွင် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့တော်၌ ထိခိုက်ပျက်စီးမှု မည်မျှ ရှိ၊ မရှိ မသိရသေးသော်လည်းခါကစ်ဗ်မြို့တော်၌ လူပေါင်းလေးဦး သေဆုံးခဲ့ရကြောင်း ယူကရိန်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။ ရုရှားတပ်များ၏ ဇန်နဝါရီ ၁၃ရက် လေကြောင်းတိုက်ခိုက်မှု အတိုင်းအဆနှင့်ပတ်သက်၍ ယူကရိန်းစစ်ဘက်က သတင်းထုတ်ပြန်ပေးခြင်း မရှိပေ။ရုရှားနယ်စပ်နှင့် ၁၃ မိုင် ကွာဝေးသောခါကစ်မြို့သည် ရုရှားတပ်များ၏ တိုက်ခိုက်မှုကိုမကြာခဏ ရင်ဆိုင်ရလေ့ရှိသည်။ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ရေးအရ စတင်ကျူးကျော်တိုက်ခိုက်ခဲ့သည်။



