back

OWIC ကိုင်ဆောင်ထားသည့် ပြည်ပထွက်ခွာမည့်သူများအတွက် ခွင့်ပြုချက်စာရင်း ထုတ်ပြန်

Jan 14 • 3:33 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

OWIC ကိုင်ဆောင်ထားသည့် ပြည်ပထွက်ခွာမည့်သူများအတွက် ခွင့်ပြုချက်စာရင်း ထုတ်ပြန်

မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်လုပ်သားအဖြစ်ဖြစ်စေ၊ ခွင့်ပြန်အဖြစ်ဖြစ်စေ ပြည်ပသို့သွားရောက်ရန် အထောက်အထားစုံလင်စွာ တင်ပြထားသည့် OWIC ကိုင်ဆောင်ထားသူများအား ပြည်ပထွက်...

မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်လုပ်သားအဖြစ်ဖြစ်စေ၊ ခွင့်ပြန်အဖြစ်ဖြစ်စေ ပြည်ပသို့သွားရောက်ရန် အထောက်အထားစုံလင်စွာ တင်ပြထားသည့် OWIC ကိုင်ဆောင်ထားသူများအား ပြည်ပထွက်ခွာခွင့်ပြုသည့် စာရင်းကို ထုတ်ပြန်လိုက်ပါသည်။ ယခုစာရင်းတွင် ဇန်နဝါရီ ၁၈ ရက်မတိုင်မီ ထွက်ခွာမည့်သူများကို ဦးစားပေးခွင့်ပြုထားပြီး၊ ခရီးသွားများအနေဖြင့် လေဆိပ်တွင် မိမိအမည်ပါဝင်သည့် ခွင့်ပြုချက်စာရွက်ကို မဖြစ်မနေ ပြသရမည်ဖြစ်ကာ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာမည့်ရက် ပြောင်းလဲပါက သတ်မှတ်ပုံစံအတိုင်း ပြန်လည်တင်ပြရမည်ဖြစ်သည်။ ယနေ့ ၁၂ နာရီမတိုင်မီ တင်ပြထားသည့် ဝင်စာများကို ခွင့်ပြုပေးထားပြီးဖြစ်ကာ ကျန်ရှိသည့် နေ့ခင်းပိုင်းတင်ပြလွှာများကိုလည်း ခွင့်ပြုချက်ရရှိပါက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

42