မန်ယူနိုက်တက်အသင်းက နည်းပြ အာမိုရင်မ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ကာရစ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် အတည်ပြုခန့်အပ်လိုက်ပြီး ၎င်းသည် ယနေ့တွင် အသင်းကို စတင်လေ့ကျင့်ကိုင်တွယ်လျက်ရှိသည်။ ကာရစ်သည် စတိဗ်ဟော်လန်၊ ဝုဒ်ဂိတ်၊ ဂျွန်နီအီဗန်စ်တို့ ပါဝင်သည့် နည်းပြအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပြီး ပရိသတ်များနှင့် ထိုက်တန်သည့် စွမ်းဆောင်ရည်မျိုး ပြသရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် လာမည့်စနေနေ့တွင် ယှဉ်ပြိုင်ရမည့် မန်ချက်စတာဒါဘီပွဲနှင့် အာဆင်နယ်အသင်းနှင့် ပွဲစဉ်များကို ပွဲဦးထွက်အဖြစ် စတင်ရင်ဆိုင်ရမည်ဖြစ်ကာ အသင်းတာဝန်ရှိသူများက ကာရစ်၏ အတွေ့အကြုံနှင့် အရည်အချင်းအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါသည်။
Jan 14 • 3:31 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


