မန်ယူနိုက်တက်အသင်းသည် ရာသီကုန်အထိ ယာယီနည်းပြအဖြစ် အသင်းကစားသမားဟောင်း မိုက်ကယ်ကာရစ်ကို ခန့်အပ်ရန် ဆွေးနွေးမှုများ အဆင့်မြင့်နေပြီး လာမည့်စနေနေ့တွင် ယှဉ်ပြိုင်ရမည့် မန်ချက်စတာဒါဘီပွဲစဉ်ကို ကိုင်တွယ်ရန် ရှိနေကြောင်း သိရသည်။ အသက် ၄၄ နှစ်အရွယ်ရှိ ကာရစ်သည် ယခင်နည်းပြဟောင်း ဆိုးလ်ရှားနှင့်အပြိုင် ရေပန်းစားခဲ့သူဖြစ်ပြီး ကစားသမားများ လေ့ကျင့်ခန်းပြန်ဆင်းမည့် ဗုဒ္ဓဟူးနေ့မတိုင်မီ ၎င်းအား တရားဝင်ခန့်အပ်ဖွယ်ရှိကာ ၂၀၂၁ ခုနှစ်ကလည်း ယာယီနည်းပြအဖြစ် ၃ ပွဲ ကိုင်တွယ်ရာတွင် ၂ ပွဲနိုင်၊ ၁ ပွဲသရေဖြင့် ရလဒ်ကောင်းများ စွမ်းဆောင်ပေးခဲ့ဖူးသည့် မှတ်တမ်းကောင်းများ ရှိထားသူ ဖြစ်ပါသည်။
| 30 | 1 | 0 | 0 |


