အဆိုတော် ယုန်လေး ကိုယ်တိုင် ဇာတ်ညွှန်း၊ ဒါရိုက်တာနှင့် သရုပ်ဆောင်အဖြစ် သိန်း ၆,၀၀၀ ကျော် အကုန်အကျခံ ရိုက်ကူးထားသည့် "မြို့ပြထဲက လမ်းမများ" ရုပ်ရှင်ဇာတ်ကားသည် အကယ်ဒမီ ဒုတိယအဆင့် အကဲဖြတ်မည့် ဆန်ခါတင် ၂၂ ကားစာရင်းတွင် ပါဝင်လာကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ခဲ့သည့် ဇာတ်ကား ၇၀ ကျော်အနက်မှ ပထမအဆင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သော်လည်း၊ ယင်းဇာတ်ကားမှာ ရုံတင်ပြသစဉ်က လာရောက်ကြည့်ရှုသူ အလွန်နည်းပါးခဲ့သဖြင့် ယုန်လေးကိုယ်တိုင် "ဝင်ငွေအနည်းဆုံးဇာတ်ကား" အဖြစ် လူမှုကွန်ရက်တွင် ရေးသားခဲ့ဖူးသည်။ အထူးပွဲတွင်လည်း အဓိကသရုပ်ဆောင်များ တက်ရောက်ခြင်းမရှိဘဲ ရုံပေါင်း ၆၇ ရုံ၌ ပြသရာတွင် ကြည့်ရှုသူမရှိ၍ ရုံပိတ်ခဲ့ရသည့် အခြေအနေများ ရှိခဲ့သော်လည်း၊ ယခုအခါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရေးအဖွဲ့၏ ဇကာတင်စာရင်းတွင် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
ကြည့်ရှုသူမရှိဟု ယုန်လေးကိုယ်တိုင်ပြောခဲ့သည့် "မြို့ပြထဲက လမ်းမများ"ဇာတ်ကားလည်း အကယ်ဒမီဆန်ခါတင်စာရင်းတွင် ပါဝင်
Jan 14 • 1:54 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 44 | 1 | 0 | 0 |


