back

ရန်ကုန်မြို့ ရပ်ကွက်များအတွင်းတစ်နိုင်တစ်ပိုင်အိမ်ဆိုင်လုပ်ငန်းတစ်ချို့ဟာ အရှုံးပေါ်ပိတ်သိမ်းမှုများရှိလာနေ

Jan 13 • 7:26 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်မြို့ ရပ်ကွက်များအတွင်းတစ်နိုင်တစ်ပိုင်အိမ်ဆိုင်လုပ်ငန်းတစ်ချို့ဟာ အရှုံးပေါ်ပိတ်သိမ်းမှုများရှိလာနေ

ရန်ကုန်မြို့ ရပ်ကွက်များအတွင်း တနိုင်တပိုင်ဖွင့်ထားကြသည့် ကုန်စုံဆိုင်လုပ်ငန်းငယ်တချို့ အရှုံးပေါ် သည့်အတွက် ပိတ်သိမ်းမှုများရှိနေပြီး အဓိကဝယ်ယူမှုနည်းပါးသည့်အပ...

ရန်ကုန်မြို့ ရပ်ကွက်များအတွင်း တနိုင်တပိုင်ဖွင့်ထားကြသည့် ကုန်စုံဆိုင်လုပ်ငန်းငယ်တချို့ အရှုံးပေါ် သည့်အတွက် ပိတ်သိမ်းမှုများရှိနေပြီး အဓိကဝယ်ယူမှုနည်းပါးသည့်အပြင် စျေးနှုန်းအပြောင်းအလဲမြန်ဆန်မှုကြောင့် ဖြစ်သည်ဟု ကုန်စုံဆိုင်လုပ်ငန်းရှင်များက ပြောသည်။တစ်နိုင်တစ်ပိုင်ကုန်စုံဆိုင်များမှာ အနည်းဆုံး ကျပ်သိန်း ၁၀၀ အထက်မှ စတင်ရင်းနှီးရပြီး ၁၀၊ ၁၅ ရာခိုင်နှုန်းခန့်သာ အမြတ်အစွန်းရကြခြင်းဖြစ်သည်။ ယခုနောက်ပိုင်း ကုန်ပစ္စည်းများစျေးနှုန်းမြင့်တက်မှုမြန်ဆန်ခြင်းအပြင် ရောင်းသူသာများပြီး ဝယ်သူနည်းခြင်းကြောင့် ဆိုင်တချို့ပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်အနီး ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ဝယ်သူအများစုမှာလည်း စျေးသက်သာသည့် လက်လီ၊ လက်ကားဆိုင်ကြီးများတွင် တစ်ပတ်စာ၊ တစ်လစာ သွားဝယ်ကြသည့်အတွက် ရပ်ကွက်ဆိုင်များမှာ ရောင်းမကောင်းခြင်းဖြစ်ပြီး သူခိုးရန်ပါကြောက်နေရသည်ဟု အင်းစိန်မြို့နယ် ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ဦးက လူမှုကွန်ရက် ဖေ့ဘွတ်ခ်မှတစ်ဆင့်ပြောဆိုထားသည်။လက်ရှိတွင် ကုန်စုံဆိုင်တစ်ချို့ပိတ်သိမ်းမှုများနည်းတူ ဆေးဆိုင်တစ်ချို့ ပိတ်သိမ်းမှုများလည်း ရှိနေသည်။ ဆက်ရှိနေသည့်ဆိုင်များမှာလည်း ကုန်ပစ္စည်းပြတ်တောက်မှုများရှိနေသဖြင့် အမျိုးအစားတူကုန်ပစ္စည်း၊ ဆေးဝါးများကို တင်ရောင်းကာ ဆိုင်အခြေအနေ မပိတ်သိမ်းရအောင် ထိန်းရောင်းနေကြရသည်ဟု သိရသည်။



news-view-count-icon

40