back

ဘုရင်စနစ် ပြန်လည်ကျင့်သုံးရန် ဘုရင်ဟောင်းထောက်ခံသူများ နီပေါ၌ဆန္ဒပြ

Jan 13 • 7:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘုရင်စနစ် ပြန်လည်ကျင့်သုံးရန် ဘုရင်ဟောင်းထောက်ခံသူများ နီပေါ၌ဆန္ဒပြ

နန်းချခံခဲ့ရသော နီပေါဘုရင့်မိသားစုကို ထောက်ခံသူများက ဘုရင်စနစ် ပြန်လည်ထားရှိရေးအတွက်ဇန်နဝါရီ ၁၁ ရက်တွင် ခတ္တမန္ဒူမြို့တော်၌ ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။...

နန်းချခံခဲ့ရသော နီပေါဘုရင့်မိသားစုကို ထောက်ခံသူများက ဘုရင်စနစ် ပြန်လည်ထားရှိရေးအတွက်ဇန်နဝါရီ ၁၁ ရက်တွင် ခတ္တမန္ဒူမြို့တော်၌ ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။ယခုနှစ် မတ်လအတွင်းအထွေထွေရွေးကောက်ပွဲများ မကျင်းပမီ ဘုရင်စနစ်ပြန်လည်ကျင့်သုံးရေးအတွက် ဘုရင်စနစ်ထောက်ခံသူနီပေါပြည်သူများက ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။နီပေါဘုရင်ဟောင်း ဂျာနင်ဒရာဂို ထောက်ခံသူများ၏ အထက်ပါဆန္ဒပြပွဲသည် ဇက်မျိုးဆက်လူငယ်များ၏ဆန္ဒပြပွဲများကြောင့်ပြီးခဲ့သည့်နှစ်စက်တင်ဘာလအတွင်းအစိုးရအပြောင်းအလဲဖြစ်ခဲ့ရပြီးနောက်ပိုင်းပထမဆုံးပေါ်ပေါက်ခဲ့သော ဘုရင်စနစ် ထောက်ခံမှုဆန္ဒပြပွဲဖြစ်သည်။နီပေါနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သည့် ဂျာနင်ဒရာသည် ၂၀၀၈ခုနှစ်တွင် ဘုရင်စနစ် ဖျက်သိမ်းပြီးနောက် နန်းချခံခဲ့ရသူဖြစ်သည်။ဘုရင်စနစ်ကို ဖျက်သိမ်း၍သမ္မတနိုင်ငံစနစ် ကျင့်သုံးနေသည့်တိုင် နီပေါနိုင်ငံ၌ နီပေါဘုရင်ဟောင်းနှင့် မိသားစုဝင်များမှာ ပြည်သူ့ထောက်ခံမှု အထိုက်အလျောက်ရရှိထားဆဲဖြစ်သည်။လက်ရှိအချိန်တွင် ဝန်ကြီးချုပ်ဆူရှီလာကာကီဦးဆောင်သော နီပေါကြားဖြတ်အစိုးရ အဖွဲ့သည်

လွှတ်တော် ရွေးကောက်ပွဲများကိုယခုနှစ် မတ်လအတွင်း ကျင်းပရန်စီစဉ်ထားသည်။



news-view-count-icon

41