back

ရန်ကုန်မြို့ရှိ Rose Garden Hotel တွင်ကြက်ခြေနီမှရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကိုဖွင့်လှစ်ခဲ့

Jan 13 • 6:44 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်မြို့ရှိ Rose Garden Hotel တွင်ကြက်ခြေနီမှရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကိုဖွင့်လှစ်ခဲ့

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဂျာမနီနိုင်ငံကြက် ခြေနီအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) ...

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဂျာမနီနိုင်ငံကြက် ခြေနီအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းကို ဇန်နဝါရီလ (၁၂)ရက်နေ့က ရန်ကုန်မြို့ရှိ Rose Garden Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဌနှင့်အတူ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် အသင်းဌာနချုပ်မှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ဇန်နဝါရီလ(၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ (၃)ရက်တာ ပြုလုပ်နေသည့် အဆိုပါသင်တန်းသို့ အသင်းဌာနချုပ်မှဝန်ထမ်း (၂၆) ဦးတက်ရောက်လျက်ရှိပါသည်။ ရှေးဦးပြုစုခြင်းနှင့် နည်းစနစ်များကို အသင်းဝင်များနှင့် လုပ်ငန်းခွင်ရှိ ဝန်ထမ်းများကို လက်လှမ်းမီ သိရှိနိုင်ရန်နှင့် ပြည်သူလူထု အတွင်း ပြန်လည် မျှဝေပေးနိုင်ရန် ရည်ရွယ်ပြီး သင်တန်းကို ပြုလုပ်ခြင်းဖြစ်ပါသည်။


news-view-count-icon

59