back

တရုတ်က ကမ္ဘာ့ပထမဆုံး လကမ္ဘာသုံး အချိန်တိုင်းဆော့ဖ်ဝဲကို ပြသ

Jan 13 • 6:34 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်က ကမ္ဘာ့ပထမဆုံး လကမ္ဘာသုံး အချိန်တိုင်းဆော့ဖ်ဝဲကို ပြသ

တရုတ်သုတေသနပညာရှင်များသည် လကမ္ဘာပေါ်မှာ တိကျသော လမ်းကြောင်းပြသမှုနှင့် ဆင်းသက်မှုများကို အထောက်အပံ့ပေးနိုင်ဖို့အတွက် ကမ္ဘာ့ပထမဆုံး လကမ္ဘာသုံး အချိန်တိုင်းတာရေးဆ...

တရုတ်သုတေသနပညာရှင်များသည် လကမ္ဘာပေါ်မှာ တိကျသော လမ်းကြောင်းပြသမှုနှင့် ဆင်းသက်မှုများကို အထောက်အပံ့ပေးနိုင်ဖို့အတွက် ကမ္ဘာ့ပထမဆုံး လကမ္ဘာသုံး အချိန်တိုင်းတာရေးဆော့ဖ်ဝဲကို ထုတ်ပြခဲ့သည်။ ဤသည်မှာ နိုင်ငံတကာ၏ လကမ္ဘာဆီ အပြိုင်အဆိုင် သွားရောက်ဖို့ ကြိုးပမ်းနေ‌သော ခရီးစဉ်များအတွက် အရေးပါသော ကိရိယာတစ်ခု ဖြစ်လာမည် ဖြစ်သည်။အဲလ်ဘတ် အိုင်းရှတိုင်း၏ ယေဘုယျနှိုင်းရသီအိုရီ အရ ဒြပ်ဆွဲအားလျော့နည်း‌သောကြောင့် လကမ္ဘာပေါ်မှာ နာရီသည် ကမ္ဘာမြေထက် ပိုမိုမြန်ဆန်စွာ လည်ပတ်နေသည်။ အချိန်ကွာခြားမှုသည် တစ်ရက်လျှင် စက္ကန့်၏ တစ်သန်းပုံ ၅၆ ပုံ (၅၆ မိုက်ခရိုစက္ကန့်) ခန့်သာရှိပြီး အလွန်သေးငယ်သော်လည်း အချိန်ကြာလာသည်နဲ့အမျှ ကွာခြားမှုများလာသော‌ကြောင့် လကမ္ဘာစစ်ဆင်ရေးများမှာ ကမ္ဘာ့စံတော်ချိန်ကို အသုံးပြုဖို့ မယုံကြည်ရတော့‌သောအခြေအနေမျိုး ဖြစ်လာစေသည်။


news-view-count-icon

8