၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၁၂)ရက်အလွှာစုံမှ ရုပ်ရှင်လောကသားတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဆန်၊ဆီနဲ့ စားသောက်ကုန်တွေ လှူဒါန်းသွားဖို့ရှိတယ်လို့ သိရပါတယ်။ အခုလှူဒါန်းမယ့် (၁၇)ကြိမ်မြောက်လှူဒါန်းခြင်း အစီအစဉ်မှာတော့ သက်တမ်းရှိရုပ်ရှင်အစည်းအရုံးဝင်တွေကို ထုတ်ပေးမှာဖြစ်ပြီး ဇန်နဝါရီ(၂၂)ရက်၊(၂၃)ရက်၊(၂၄)ရက်တို့မှာ လှူဒါန်းသွားမှာဖြစ်ပါတယ်။ဇန်နဝါရီလ(၂၂)ရက်မှာ မနက်ပိုင်း (၁)အုပ်ချုပ်၊ဖြန့်ချိ၊(၂)ဇာတ်ညွှန်း၊(၃)ဗီဒီယို၊(၄)ပြဇာတ်နှင့် နောက်ခံတေးဂီတအလွှာကိုလည်းကောင်း၊ညနေပိုင်း(၅)တည်းဖြတ်၊(၆)ဒါရိုက်တာ၊(၇)ထုတ်လုပ်သူနဲ့(၈)အဓိကသရုပ်ဆောင်အလွှာကိုလည်းကောင်းဇန်နဝါရီလ(၂၃)ရက်မှာ မနက်ပိုင်းမှာ (၉)ဇာတ်ပို့ဇာတ်ရံ(၄၀၀၁-၄၅၀၀)ကိုလည်းကောင်း၊ညနေပိုင်းမှာ ဇာတ်ပို့ဇာတ်ရံ(၄၅၀၁- ၁၄၀၃၀)ကိုလည်းကောင်း၊
ဇန်နဝါရီလ(၂၄)ရက်မှာ မနက်ပိုင်းမှာ (၁၀)စက်မှုအလွှာ(၇၀၀၁-၇၅၀၀)နဲ့ညနေပိုင်းမှာစက်မှုအလွှာ(၇၅၀၁-၁၇၀၄၄)တို့ကို ပေးအပ်လှူဒါန်းသွားမှာဖြစ်ပါပြီး ရုပ်ရှင်လောကသားတွေအတွက် ရုပ်ရှင်လောကသားတွေ၊အလှူရှင်တွေကို ပါဝင်လှူဒါန်းထားတယ်လို့ သိရပါတယ်။



