ရှမ်းပြည်နယ်နယ်မြောက်ပိုင်းတွင် ဇန်နဝါရီ(၁၀)ရက်၌ လမ်းဘေးခွေးသာမက အိမ်မွေးခွေးပါ သေနတ်ဖြင့် ပစ်သတ်ကာ ကားဖြင့်သယ်ဆောင်သွားသည်။ကိုးကန့်ထိန်းချုပ်ဒေသအတွင်း ယခုလို တွေ့သမျှခွေးကို ပစ်သတ်နေမှုအပေါ် ဒေသခံများ ဆန့်ကျင်ကန့်ကွက်လိုသော်လည်း ကြောက်စိတ်ကြောင့် မပြောရဲ မဆိုရဲဖြစ်ကြောင်း သိရသည်။၎င်းအပြင် ယခုလို ပစ်သတ်မည့်အစား အခြားနည်းဖြင့် ဖြေရှင်းပေးရန် တောင်းဆိုလိုကြောင်း ဒေသခံက ဆိုသည်။



