back

ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွင့်ပြုမည့် စနစ်ပြောင်းလဲလိုက်သဖြင့် အလုပ်သမားအားလုံး လေဆိပ်မှ လှည့်ပြန်ရ

Jan 12 • 12:00 PM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွင့်ပြုမည့် စနစ်ပြောင်းလဲလိုက်သဖြင့် အလုပ်သမားအားလုံး လေဆိပ်မှ လှည့်ပြန်ရ

ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနက ပြည်ပသို့ သွားရောက်မည့် အလုပ် သမားများနှင့်ပတ်သက်၍ စည်မျဉ်းနှင့်စနစ်သစ် ထုတ်ပြန်လိုက်ပြီး အဆိုပါ စနစ်သစ်တွင...

ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနက ပြည်ပသို့ သွားရောက်မည့် အလုပ် သမားများနှင့်ပတ်သက်၍ စည်မျဉ်းနှင့်စနစ်သစ် ထုတ်ပြန်လိုက်ပြီး အဆိုပါ စနစ်သစ်တွင် OWIC ခေါ် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ကိုင်ဆောင်ထားသောသော ပြည်ပသွားရောက် မည့် အလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနထံသို့ ပြည်ပထွက်ခွာခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း၊ လျှောက်ထားရာတွင် ဗီဇာ၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ မိတ္တူ၊ လေယာဉ်လက်မှတ်မိတ္တူများကို တင်ပြ လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ လျှောက်ထားပြီးနောက် အလုပ်သမားဝန်ကြီးဌာနက ပြည်ပထွက်ခွာခွင့်ပြုကြောင်း နာမည်စာ ရင်း ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ထိုသို့ ကြေညာထားသော နာမည်စာရင်းတွင် ပါဝင်မှသာလျှင် ပြည်ပသို့ ထွက်ခွာခွင့်ရရှိမည်ဖြစ်ကြောင်း၊ ပြည်ပသို့ ထွက်ခွာရာတွင်လည်း ခွင့်ပြုသည့်နေ့တွင်သာ မဖြစ်မနေ ထွက်ခွာရမည်ဖြစ်ပြီး ခွင့်ပြုသည့်နေ့တွင် ထွက်ခွာနိုင်ခြင်းမရှိပါက ထွက်ခွာခွင့် ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်လေဆိပ်တွင် ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာမည့်သူအားလုံးကို စနစ်သစ် စတင် သည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ အားလုံးကို ပြန်နှင်လွှတ်ခဲ့ကြောင်း၊ ပြည်ပသို့ ထွက်ခွာမည့် မြန်မာအလုပ်သမားများမှာ လေယာဉ်လက်မှတ်များ ဆုံးရှုံးရသည့်အပြင် ချိတ်ဆက်ထားသော အလုပ်အကိုင်များပါ ဆုံးရှုံးမည့်အခြေအနေများ ရင်ဆိုင်နေရကြောင်း သိရှိရသည်။



news-view-count-icon

89