၂၀၂၆ ခုနှစ်ရဲ့ နှစ်စကာလမှာ ပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲ ၊ ပဲစင်းငုံစျေးတွေ မြင့်တက်လာတာ တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာ ပွဲတော်ရှိတဲ့အတွက် မတ်ပဲ ၊ ပဲစင်းငုံပါ ဝယ်လိုအားကောင်းပြီး စျေးတက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပတင်ပို့နေတဲ့ ပို့ကုန်ပစ္စည်းတွေ ရဲ့ ပို့ကုန်ရငွေအပေါ် မြန်မာကျပ်ငွေ လဲလှယ်ရတဲ့ ရာခိုင်နှုန်းကို ၂၅ ရာခိုင်နူန်းအစား ၁၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် ပို့ကုန်ပဲအမျိုးအစားတွေဖြစ်တဲ့ မြေပဲ နဲ့ နှမ်း စျေးလည်း တက်လာတယ်လို့ သိရပါတယ်။ ကြက်သွန်နီလည်း စျေးတက်လာပါတယ်။မြေပဲကလည်း အခုတစ်ပတ်မှာ စျေးနှုန်း မြင့်တက်လာပါတယ်။ အမျိုးအစား နဲ့ အရည်အသွေးပေါ်လိုက်ပြီး စျေးတန်းအကုန် မြင့်လာတာ ဖြစ်ပါတယ်။ဒီတစ်ပတ်မှာ နှမ်းမျိုးစုံကလည်း စျေးနှုန်း မြင့်တက်လာပါတယ်။ နှမ်းနက် စမုံကို တရုတ်က ဝယ်လိုအား ကောင်းနေသလို ကျန်တဲ့ နှမ်းအမျိုးအစား တွေကိုလည်း ပြည်တွင်းမှာ ဝယ်လိုအား ရှိနေတာကြောင့် စျေးတက်လာပါတယ်။ ပို့ကုန်ရငွေ ဖြေလျှော့မှုကြောင့်လည်း စျေးကွက် အတက်ပြလာတာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ၌ ပြည်ပပို့ကုန်ဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ မြေပဲ၊ နှမ်း စျေးတက်လာပြီး ကြက်သွန်လည်းဈေးတက်
Jan 12 • 4:24 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


