back

မွန်ပြည်နယ်တွင် နေအိမ်မီးလောင်မှုကတစ်ဆင့် ပြာပုံဖြစ်သွားသည့်ကျေးရွာနေအိမ်များအတွက် အကူအညီများလိုနေဆဲဖြစ်

Jan 12 • 4:23 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်တွင် နေအိမ်မီးလောင်မှုကတစ်ဆင့် ပြာပုံဖြစ်သွားသည့်ကျေးရွာနေအိမ်များအတွက် အကူအညီများလိုနေဆဲဖြစ်

မွန်ပြည်နယ်တွင် မီးအကြီးအကျယ်လောင်လို့ ပျက်စီးခဲ့ရတဲ့ မုဒုံမြို့၊ကတုံးပေါ်ကျေးရွာရှိနေအိမ်တွေအတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ လူမှုကူညီမှုအသင်းတွေထံမှ သိရပ...

မွန်ပြည်နယ်တွင် မီးအကြီးအကျယ်လောင်လို့ ပျက်စီးခဲ့ရတဲ့ မုဒုံမြို့၊ကတုံးပေါ်ကျေးရွာရှိနေအိမ်တွေအတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ လူမှုကူညီမှုအသင်းတွေထံမှ သိရပါတယ်။ဇန်နဝါရီလ(၁၀)ရက်မှာတော့ မီးဘေးသင့်ခဲ့တဲ့ နေအိမ်(၅၇)လုံးအတွက် လူမှုကူညီမှုအသင်းတွေအနေဖြင့် တာလပတ်မိုးကာ(၂)လိပ်၊ရွာဆေးပေးခန်းအတွက် အောက်ဆီဂျင်(၂)လုံးနဲ့ဆက်စပ်ပစ္စည်းတွေ၊ငွေကျပ်(၁)သိန်းကျပ် လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။မီးဘေးကြောင့် ကျေးရွာနေအိမ်(၅၇)လုံးမီးဘေးသင့်ခဲ့ပြီး လူဦးရေ(၂၁၃)ဦး၊ ကျောင်းသား၊ကျောင်းသူပေါင်း(၃၈)ဦး နေထိုင်စရာအိုးအိမ်တွေပျောက်ဆုံးခဲ့ပြီး ကယ်ဆယ်ရေးစခန်းမှာနေထိုင်ခဲ့ရပါတယ်။မီးဘေးသင့်ပြည်သူတွေကိုကူညီလိုပါက ကုတုံးပေါ်စေတနာရှင်အုပ်လေး ၀၉၄၂၄၁၂၂၃၇၅၊ မော်လမြိုင် လူမှုကူညီကယ်ဆယ်ရေးရုံး၊ဓမ္မနန္ဒီစာသင်တိုက်ဝင်း၊တနင်္သာရီလမ်း၊ဘိုကုန်းရပ် မော်လမြိုင်မြို့မှာဖြစ်စေ၊ကိုဘိုဘိုဝင်း၊ ကိုဇင်မိုးတို့ကိုဖြစ်စေဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

news-view-count-icon

30