back

တရုတ်နိုင်ငံ၌ကျင်းပသည့်ရေခဲ နဂါးလှေလှော်ပြိုင်ပွဲက Cambridge နှင့် Oxford လူငယ်များနှင့် တရုတ်လူငယ်များကို ပေါင်းကူးပေး

Jan 12 • 4:18 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၌ကျင်းပသည့်ရေခဲ နဂါးလှေလှော်ပြိုင်ပွဲက Cambridge နှင့် Oxford လူငယ်များနှင့် တရုတ်လူငယ်များကို ပေါင်းကူးပေး

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ ရေခဲနေသော ဆုန်းဟွာမြစ်အတွင်း ဇန်နဝါရီ ၁၀ ရက်က တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံမှ တက္ကသိုလ်များမှ ကျောင်းသား...

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ ရေခဲနေသော ဆုန်းဟွာမြစ်အတွင်း ဇန်နဝါရီ ၁၀ ရက်က တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံမှ တက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူများက ပထမဆုံးအကြိမ် ရေခဲ နဂါးလှေလှော်ပြိုင်ပွဲကို ယှဉ်ပြိုင်လျက်ရှိရာ အားပေးကြွေးကြော်သံများက လွန်စွာအေးမြလှ‌သောလေထုကို ထိုးဖောက်ထွက်ပေါ်လာခဲ့သည်။သမားရိုးကျ ရေထဲတွင် နဂါးလှေလှော်ခြင်းနှင့်ကွဲပြားလျက် ရေခဲ နဂါးလှေလှော်ခတ်ခြင်းတွင် အားကစားသမားများအနေဖြင့် အေးခဲနေသော ရေခဲပြင်ပေါ်တွင် လှေကို ရှေ့သို့ရွေ့လျားရောက်ရှိရန် ရေခဲခွဲသည့် ပေါက်ချွန်းငယ်များကို အသုံးပြုရန် လိုအပ်ကြောင်း သိရသည်။ လူငယ်များအကြား အပြန်အလှန်လေ့လာသင်ယူမှုအတွက် “လှေတစ်စင်း” တည်ဆောက်ရန် ရည်ရွယ်ကာ ဟားအယ်ပင်း နည်းပညာအင်စတီကျု (HIT) နှင့်အတူ Oxford ၊ Cambridge ရိုးရာလှေလှော်ခတ်ခြင်းကို ချိတ်ဆက်ပေးခြင်းဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေး ကနဦးစီစဉ်သည့် HIT ၏ ပါတီအကြီးအကဲ ချန်ကျယ်က ပြောကြားခဲ့သည်။

news-view-count-icon

15