ချီလျန်တောင်တန်းသည် တရုတ်နိုင်ငံ အနောက်ပိုင်း၏ အရေးပါသော ဂေဟလုံခြုံရေး အကာအကွယ်ဖြစ်ရာ အနောက်မြောက်ပိုင်းဒေသ ဂေဟစနစ်တည်ငြိမ်မှုနှင့် ဆက်နွှယ်နေပေသည်။ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ပေ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ မန်ယွမ် ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ချီလျန်တောင် အမျိုးသားဥယျာဉ် (လျာထားရာနေရာ) ချင်းဟိုင်ဧရိယာတွင် မန်ယွမ်ခရိုင် ပြည်သူ့လုံခြုံရေးဌာန ဟောက်မန်သစ်တောရဲစခန်း၊ လောင်ဟူကိုးဒေသဂေဟရေးရာရဲတပ်ဖွဲ့ရုံးသည် ချီလျန်တောင်အမျိုးသားဥယျာဉ်၏ ချင်းဟိုင်ဒေသတွင် တည်ထောင်ခဲ့သော ပထမဆုံး ဂေဟရေးရာရဲတပ်ဖွဲ့ရုံးဖြစ်သည်။ရဲတပ်ဖွဲ့ရုံးထူထောင်ချိန်မှစ၍ အရပ်ဘက်အရန်ရဲတပ်ဖွဲ့ဝင်များသည် ချီလျန်တောင် အချက်အချာနေရာတွင် အခြေချထားပြီး ရာသီဥတုပြင်းထန်စွာ အေးခဲသည်ဖြစ်စေ ချစ်ချစ်တောက် ပူပြင်းသည်ဖြစ်စေ ၎င်းတို့သည် တစ်နှစ်ပတ်လုံး တောင်တန်းများနှင့် မြစ်များကိုဖြတ်၍ ဂေဟစနစ်ဆိုင်ရာ ကင်းလှည့်မှုများကို ပြုလုပ်ကြရသည်။
Jan 12 • 4:17 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


