back

ICJ တရားရုံး၌ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုအမှု ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ယနေ့စတင်

Jan 12 • 3:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

ICJ တရားရုံး၌ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုအမှု ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ယနေ့စတင်

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား စွဲဆိုထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုအမှုကို ယနေ့ (ဇန...

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား စွဲဆိုထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုအမှုကို ယနေ့ (ဇန်နဝါရီ ၁၂ ရက်) မှစတင်ကာ သုံးပတ်ကြာ အနှစ်သာရပိုင်းဆိုင်ရာ (Merits) စစ်ဆေးကြားနာမှုများ ပြုလုပ်နေပြီဖြစ်သည်။ အဆိုပါ စစ်ဆေးမှုတွင် ပထမပတ်၌ နှစ်ဖက်နှုတ်ဖြင့် လျှောက်လဲချက်ပေးခြင်း၊ ဒုတိယပတ်၌ သက်သေများကို တံခါးပိတ်စစ်ဆေးခြင်းနှင့် တတိယပတ်၌ နောက်ဆုံးအပြန်အလှန် တုံ့ပြန်ချက်များ တင်ပြခြင်းတို့ ပါဝင်မည်ဖြစ်ရာ၊ ယခုအဆင့်သည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် ဆင်းရဲဒုက္ခများအတွက် တရားမျှတမှု ရရှိနိုင်မည့် မျှော်လင့်ချက်မှတ်တိုင်တစ်ခုဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် ရိုဟင်ဂျာကိုယ်စားလှယ်များက ကြိုဆိုထောက်ခံထားကြပါသည်။

news-view-count-icon

50