ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူးမြို့ရှိ ပုဂ္ဂလိကပိုင် အမှိုက်စွန့်ပစ်စက်ရုံတစ်ခုတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က အမှိုက်ပုံကြီးပြိုကျမှုကြောင့် အတည်ပြုသေဆုံးသူ (၇) ဦးရှိလာပြီး လူပေါင်း ၂၉ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကာ ၎င်းတို့၏ အသက်ရှင်သန်ရေးမျှော်လင့်ချက်များမှာ မှေးမှိန်လာနေကြောင်း သိရှိရပါသည်။ အမှိုက်ပုံပြိုကျစဉ်အတွင်း လုပ်သား ၅၀ နီးပါး မြှုပ်နှံခံခဲ့ရသော်လည်း လက်ရှိအချိန်အထိ ၁၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့များက အထူးရေဒါများဖြင့် ရှာဖွေလျက်ရှိသော်လည်း ပိတ်မိနေသည်မှာ သုံးရက်မြောက်ရှိပြီဖြစ်သောကြောင့် နောက်ထပ်အသက်ရှင်ကျန်ရစ်သူတွေ့ရှိရန် ခဲယဉ်းသွားပြီဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားထားပါသည်။
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ အမှိုက်ပုံပြိုကျမှုကြောင့် လူ ၂၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အသက်ရှင်သန်ရေး မျှော်လင့်ချက် မှေးမှိန်လာ
Jan 12 • 2:53 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 43 | 0 | 0 | 0 |


