ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးစံချိန်ရှင် (၁၆ ဂိုး) ဂျာမနီတိုက်စစ်မှူးဟောင်း မီရိုဆလက်ဗ် ကလိုဆေးက လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်း၏စံချိန် ကျိုးပျက်သွားနိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ လက်ရှိတွင် ၁၃ ဂိုး သွင်းယူထားသည့် မက်ဆီနှင့် ၁၂ ဂိုး သွင်းယူထားသည့် အမ်ဘာပေတို့သည် ၎င်း၏စံချိန်ကို ကျော်ဖြတ်ရန် အနီးစပ်ဆုံးဖြစ်ပြီး၊ အသင်းပေါင်း ၄၈ သင်းအထိ တိုးချဲ့ကျင်းပမည့် စနစ်သစ်ကြောင့် ဂိုးသွင်းခွင့်များ ပိုမိုရရှိလာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။ ကလိုဆေးသည် မက်ဆီ၏ ပရိသတ်တစ်ဦးဖြစ်သဖြင့် မက်ဆီအနေဖြင့် စံချိန်သစ်တင်နိုင်ရန် ဆုတောင်းပေးနေသော်လည်း၊ အသက်အရွယ်အရ ၂၇ နှစ်သာ ရှိသေးသည့် အမ်ဘာပေမှာ သွင်းဂိုးစံချိန်သစ်တင်ရန် အခွင့်အရေး ပိုမိုသာလွန်နေကြောင်း သိရှိရပါသည်။
၂၀၂၆ ကမ္ဘာ့ဖလားတွင် မိမိ၏သွင်းဂိုးစံချိန်ကို မက်ဆီ သို့မဟုတ် အမ်ဘာပေ ချိုးဖျက်နိုင်ကြောင်း ကလိုဆေး ခန့်မှန်း
Jan 12 • 1:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 41 | 0 | 0 | 0 |


