back

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာ ရပ်ထားတဲ့ကားအတွင်း ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိ

Jan 11 • 8:52 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာ ရပ်ထားတဲ့ကားအတွင်း ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိ

ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ဗားကရာလမ်းမပေါ် က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းအရှေ့မှာ ရပ်ထားတဲ့ ကားအတွင်း ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်း တစ်လော...

ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ဗားကရာလမ်းမပေါ် က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းအရှေ့မှာ ရပ်ထားတဲ့ ကားအတွင်း ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိရတယ်လို့ ဒေသခံလူမှုကူညီရေးအသင်း‌တွေဆီကနေ သိရပါတယ်ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ အဲဒီရပ်ထားတဲ့ ကားအနီးမှာ စည်ပင်သာယာရေးဝန်ထမ်းအမျိုးသမီးက အမှိုက်သိမ်းနေချိန် ကားအတွင်းက အပုပ်နံ့ရသလို သွေးတွေစီးကျနေတာကိုလည်း တွေ့ရတာကြောင့် သက်ဆိုင်ရာကို ဆက်သွယ်ခဲ့တာလို့ သိရပါတယ်။ကားအတွင်းသေဆုံးနေတဲ့ အမျိုးသားဟာ ဘာကြောင့်သေဆုံးရတာကို မသိရှိရသေးသလို သေဆုံးသူဟာ ဘယ်သူဖြစ်တယ်ဆိုတာမျိုးလည်း အတည်မပြုနိုင်သေးဘူးလို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။လတ်တလော သေဆုံးသူအမျိုးသားရုပ်အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့်လို့ သိရပါတယ်။




news-view-count-icon

62