ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက သူမ ရရှိထားသည့် ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား လွှဲပြောင်းပေးအပ်နိုင်ခြေရှိကြောင်း ပြောဆိုခဲ့ပြီးနောက်၊ နိုဘယ်လ်ဆုကို အခြားသူထံ လွှဲပြောင်းခြင်း၊ မျှဝေခြင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်းတို့ ပြုလုပ်၍မရကြောင်း နော်ဝေနိုဘယ်ဆုချီးမြှင့်ရေးကော်မတီက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။နိုဘယ်လ်ဖောင်ဒေးရှင်း၏ ပြဋ္ဌာန်းချက်များအရ နိုဘယ်လ်ဆု ချီးမြှင့်ရန် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပြီး အယူခံဝင်၍မရသကဲ့သို့ ပြင်ဆင်၍လည်း မရကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် ဆုရွေးချယ်ရေး ကော်မတီများအနေဖြင့် ဆုရရှိသူများ၏ နောက်ပိုင်းလုပ်ရပ်များ သို့မဟုတ် ပြောကြားချက်များအပေါ် မည်သို့မျှ မှတ်ချက်ပေးလေ့မရှိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။



