စင်ကာပူနိုင်ငံရှိ ရှေ့နေတစ်ဦးဖြစ်သူ Vijay Kumar Rai သည် အလှပြင်ဆိုင်တစ်ခုနှင့် ဝန်ထမ်းဟောင်းတစ်ဦးကြားဖြစ်ပွားသည့် အလုပ်ခန့်ထားမှုဆိုင်ရာ အငြင်းပွားမှုအမှုတွင် ရှေ့နေခအဖြစ် စင်ကာပူဒေါ်လာ ၁၀၈,၂၂၅ အထိ အဆမတန်တောင်းခံခဲ့သဖြင့် ခရိုင်တရားရုံးက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ယင်းပမာဏကို ဒေါ်လာ ၃၄,၀၀၀ သို့ လျှော့ချရန် အမိန့်ချမှတ်လိုက်သည်။ အဆိုပါရှေ့နေသည် အမှုစတင်စဉ်က ဒေါ်လာ ၇၀,၀၀၀ ဝန်းကျင်သာ ခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံတောင်းခံမှုများပြုလုပ်ခဲ့သဖြင့် အမှုသည်က ရှေ့နေအား ထုတ်ပယ်ကာ တရားရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ တရားသူကြီးက အဆိုပါတောင်းခံမှုမှာ ရှုပ်ထွေးမှုမရှိသည့်အမှုအတွက် သိသာစွာများပြားလွန်းနေကြောင်း မှတ်ချက်ပြုခဲ့သည်။ ၎င်းရှေ့နေသည် ယခင်ကလည်း အခြားအမှုသည်များထံမှ ရှေ့နေခ အဆမတန်တောင်းခံမှုဖြင့် စစ်ဆေးခံခဲ့ရဖူးသူဖြစ်ရာ ဥပဒေအကူအညီယူရာတွင် ရှေ့နေခများ ကျသင့်သည်ထက် ပိုမိုခြင်းရှိ၊ မရှိကို သတိပြုရန် လိုအပ်ကြောင်း သိရှိရပါသည်။
စင်ကာပူတွင် အမှုသည်ထံမှ ရှေ့နေခ ဒေါ်လာ ၁ သိန်းကျော် အဆမတန် တောင်းခံသည့် ရှေ့နေကို တရားရုံးက ၃ သောင်းကျော်သို့ လျှော့ချရန် အမိန့်ချ
Jan 11 • 4:41 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


