back

ထိုင်းတောင်ပိုင်းရှိ ဂက်စ်ဆိုင် အများအပြား တစ်ပြိုင်တည်း ဖောက်ခွဲ တိုက်ခိုက်ခံရ

Jan 11 • 4:40 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတောင်ပိုင်းရှိ ဂက်စ်ဆိုင် အများအပြား တစ်ပြိုင်တည်း ဖောက်ခွဲ တိုက်ခိုက်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ယာလာ၊ ပဌာနီနှင့် နရသီဝပ် နယ်စပ်ပြည်နယ် ၃ ခုတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက ဂက်စ်ဆိုင် ၁၁ ဆိုင်ထက်မနည်း တစ်ပြိုင်တည်း ဗုံးခွဲ...

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ယာလာ၊ ပဌာနီနှင့် နရသီဝပ် နယ်စပ်ပြည်နယ် ၃ ခုတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက ဂက်စ်ဆိုင် ၁၁ ဆိုင်ထက်မနည်း တစ်ပြိုင်တည်း ဗုံးခွဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ခံခဲ့ရကြောင်း သိရသည်။ အမည်မသိ တိုက်ခိုက်ရေးသမားများ၏ လက်ချက်ကြောင့် ယာလာတွင် ၄ ဆိုင်၊ နရသီဝပ်တွင် ၅ ဆိုင်နှင့် ပဌာနီတွင် ၂ ဆိုင်တို့ ပျက်စီးဆုံးရှုံးခဲ့သော်လည်း လက်ရှိအချိန်အထိ လူထိခိုက်သေဆုံးမှု သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။ အဆိုပါဖြစ်စဉ်များကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာများကို ပိတ်ဆို့ကာ လုံခြုံရေး အထူးတင်းကျပ်ထားပြီး တိုက်ခိုက်မှုနောက်ကွယ်မှ တရားခံများကို ဖော်ထုတ်နိုင်ရန် မှုခင်းသိပ္ပံကျွမ်းကျင်သူများနှင့်အတူ အရေးပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

21