ဗင်နီဇွဲလား ယာယီအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာမှုကြောင့် ဗင်နီဇွဲလားနိုင်ငံအား ဒုတိယအကြိမ်တိုက်ခိုက်မည့် အစီအစဉ်ကို မိမိပယ်ဖျက်ပေးခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇန်နဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။အမေရိကန်စစ်ဘက်က စစ်ရေးအရတိုက်ခိုက်၍သမ္မတမာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းသည့်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံက နိုင်ငံရေးအကျဉ်းသား အများအပြား ပြန်လွှတ်ပေးခဲ့ရာ လိမ္မာပါးနပ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။ ဗင်နီဇွဲလားအစိုးရက အထက်ပါအတိုင်း ပူးပေါင်းဆောင်ရွက်လာမှုကြောင့် မိမိအနေဖြင့် ဗင်နီဇွဲလားနိုင်ငံအား ဒုတိယအကြိမ်မြောက်တိုက်ခိုက်မည့်အစီအစဉ်ကို ပယ်ဖျက်ပေးခဲ့ကြောင်း
သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။အလားတူ လာမည့်သီတင်းပတ်အတွင်းအိမ်ဖြူတော်၌ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မာချာဒိုနှင့်တွေ့ဆုံရန်အစီအစဉ်ရှိကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားထားသည်။


