back

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၌ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃာ့မဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ

Jan 11 • 2:09 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၌ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃာ့မဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စုရှိ မဟာဂန္ဓာရုံရွှေစေတီ သာမဏေကျော်စာသင်တိုက်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃာ့မဟာနာယ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စုရှိ မဟာဂန္ဓာရုံရွှေစေတီ သာမဏေကျော်စာသင်တိုက်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃာ့မဟာနာယကဥက္ကဋ္ဌ၊ သံလျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ တက်ရောက်လာသူများက ငါးပါးသီလခံယူခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူခြင်းနှင့် ဆရာတော်ကြီး၏ ထေရုပ္ပတ္ထိဖတ်ကြားပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ တာချီလိတ်တပ်နယ်၊ မြို့မိမြို့ဖများနှင့် ရွှေတိဂုံဂေါပကဥက္ကဋ္ဌ အပါအဝင် အလှူရှင်များက နဝကမ္မအလှူငွေ ကျပ် ၈၃ သိန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကာ ကုသိုလ်အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

47