back

ဖိလစ်ပိုင်တွင် အမှိုက်ပုံပြိုကျမှုကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာနေ

Jan 11 • 1:11 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိလစ်ပိုင်တွင် အမှိုက်ပုံပြိုကျမှုကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာနေ

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိ အမှိုက်ပုံကြီး ပြိုကျမှုကြောင့် အလုပ်သမားအများအပြား မြေပြိုမှုအတွင်း ပိတ်မိခဲ့ပြီးနောက် သေဆုံးသူခြောက်ဦးအထိ ရှိလာခဲ့သည်ဟု သိရသည်။...

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိ အမှိုက်ပုံကြီး ပြိုကျမှုကြောင့် အလုပ်သမားအများအပြား မြေပြိုမှုအတွင်း ပိတ်မိခဲ့ပြီးနောက် သေဆုံးသူခြောက်ဦးအထိ ရှိလာခဲ့သည်ဟု သိရသည်။စီဘူစီးတီးမြို့ရှိ ပုဂ္ဂလိကပိုင် ဘီနာလစ် အမှိုက်ပုံတွင် ဇန်နဝါရီ ၈ ရက်က လူနေတိုက်ခန်းအထပ် ၂၀ ခန့်အထိအမြင့်ရှိသည့် အမှိုက်တောင်ကြီး ပြိုကျခဲ့သဖြင့် သန့်ရှင်းရေးလုပ်သား ၅၀ ခန့် ပိတ်မိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကောင်စီဝင်တစ်ဦးက ခန့်မှန်းပြောကြားသည်။ဇန်နဝါရီ ၁၀ ရက်တွင် ကယ်ဆယ်ရေးသမားများက အပျက်အစီးများကြားမှ အသက်ရှင်ကျန်ရစ်သူများကို မြေတူးစက်များဖြင့် တူးဖော်ရှာဖွေနေကြသည်။


news-view-count-icon

25