၂၀၂၆ ခုနှစ်ရဲ့ယူ-၁၇အာရှဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာယူ-၁၇လက်ရွေးစင်ဘောလုံးအသင်းနဲ့ မြန်မာယူ-၁၉ လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာယူ-၁၇အသင်းက အာရှဖလားနဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ကစားဖို့ရှိသလို ယူ-၁၉အသင်းကလည်း အာဆီယံချန်ပီယံရှစ်နဲ့ အာရှဖလားခြေစစ်ပွဲ ကစားရဖို့ ရှိနေပါတယ်။ ခြေစမ်းပွဲကို မိနစ်(၃၀) သုံးပိုင်းခွဲကစားခဲ့ပြီး ပထမပိုင်း မိနစ်(၃၀)မှာ ဂိုးမရှိသရေ၊ ဒုတိယ မိနစ် (၃၀) မှာ ၂-၁ဂိုး၊ တတိယပိုင်း မိနစ်(၃၀)မှာ ၃-၀ ဂိုးတွေနဲ့ ယူ-၁၉အသင်းက အနိုင်ရခဲ့တယ်လို့ သိရပါတယ်။



