ဂျပန် ဂျေ-လိဂ်ကလပ် ဆီရီဇိုအိုဆာကာအသင်းဟာ ဒီနေ့မနက်ပိုင်းမှာ မန္တလေးမြို့က မြန်မာဘောလုံးအကယ်ဒမီကို လာရောက်ပြီး အကယ်ဒမီကျောင်းသားတွေနဲ့ တွေ့ဆုံကာ Football Clinic အခြေခံ ဘောလုံး နည်းစနစ်တွေ သင်ကြားပေးခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ဆီရီဇိုအိုဆာကာအသင်းမှာ ကစားသမားဟောင်းတွေဖြစ်တဲ့ Mr Toshinobu Katsuya , Mr Maruhashi, Mr Sakemoto တို့ပါဝင်ပြီး အသင်း စပွန်ဆာ Yanmar Myanmar Co, Ltd မှ မန်နေဂျင်းဒါရိုက်တာ Mr Masayuki Arita က ဦးဆောင် လာရောက်ခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီသင်တန်းသားတွေကို လေ့ကျင့်သင်ကြားမှုအပြီးမှာ မန္တလေးအကယ်ဒမီအတွက် လိုအပ်တဲ့ မီးစက်နဲ့ အသင်းဂျာစီတွေကိုလည်း လှူဒါန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။



