ထိုင်းနိုင်ငံ လယောင်မြို့နယ်အမတစက်မှုဇုန်ရှိ တာယာမျိုးစုံထုတ်လုပ်သည့် စက်ရုံတွင်အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား၆၅ ဦးသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရသည့်အတွက် အကူအညီပေးနေကြောင်းWAG အဖွဲ့မှ သိရသည်။အလုပ်သမားများသည် ၎င်းစက်ရုံတွင်အလုပ်လုပ်နေသည်မှာ သုံးလမှလေးနှစ်အထိ သက်တမ်းရှိကြပြီးဇန်နဝါရီ ၅ ရက်၌ ၎င်းတို့၏ အခက်အခဲပြဿနာများကို ကူညီဖြေရှင်းပေးရန် WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။၎င်းစက်ရုံတွင် အလုပ်သမားများသည် နေ့စားခ၊ အချိန်ပို OT ကြေးနှင့် အလုပ်သမားအခွင့်အရေး
အပြည့်အဝ မရရှိခြင်း၊ သက်တမ်းတိုးသမားများနှင့် ဘတ်အသစ်သမားများထံမှ ဝန်ဆောင်ခ
အခကြေးငွေများကို အသိမပေးဘဲစိတ်ကြိုက်ဖြတ်တောက်ခြင်း၊ သက်တမ်းတိုးခကိုဘတ် ၁၃,၀၀၀ အထိဖြတ်တောက်ခြင်း စသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်းများ ကြုံနေရကြောင်း သိရသည်။



