စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ အလုံရပ်ကွက်မှာ ယနေ့ ဇန်နဝါရီလ ၁၀ရက် ည၁၂နာရီ ၁၈မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။မီးလောင်ရာနေရာကို မုံရွာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အလုံမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များထွက်ခွာ မီးငြိမ်းသတ်ခဲ့ကြပါတယ်။ည ၁၂နာရီ ၅၅မိနစ်မှာတော့ မီးကိုလုံး၀ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။



