back

နေပြည်တော်တွင် ကြက်ခြေနီမှမသန်စွမ်းသူများအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်း

Jan 10 • 3:02 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်တွင် ကြက်ခြေနီမှမသန်စွမ်းသူများအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မသန်စွမ်းသူများအတွက် လိုအပ်သောအထောက်အကူပြုပစ္စည်းများဖြစ်သည့်ဝှီးချဲလ်၊ လေးချောင်းထောက်၊ ချိုင်းထ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မသန်စွမ်းသူများအတွက် လိုအပ်သောအထောက်အကူပြုပစ္စည်းများဖြစ်သည့်ဝှီးချဲလ်၊ လေးချောင်းထောက်၊ ချိုင်းထောက်နှင့် နှားကြားကိရိယာများ၊အနွေးထည်များပေးအပ်လှူဒါန်းခြင်းကိုဒီဇင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အသင်းဌာနချုပ်တွင်ပြုလုပ်ခဲ့ပါသည်။မသန်စွမ်းသူများအတွက် အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ်အသီးသီး မှ ကိုယ်လက်အင်္ဂါချို့ယွင်းလျက်ရှိသော အကျိုးခံစားခွင့်ရှိသူ အမျိုးသား (၂၆)ဦး၊ အမျိုးသမီး (၂၄) ဦး၊ စုစုပေါင်း (၅၀) ဦးအတွက် ဝှီးချဲလ် (၃၉) ခု၊ လေးချောင်းထောက် (၁) ခု၊ ချိုင်းထောက် (၄) စုံ၊ တုတ် ကောက် (၄) စုံနှင့် အကူနားကြားကိရိယာ (၂) ခုနှင့် အနွေးထည်တို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ မလာရောက်နိုင်သော ကိုယ်အင်္ဂါချို့ယွင်းသူများကိုလည်း အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။


news-view-count-icon

46