ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားခြင်း မရှိသည့်အတွက် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက "အဝါရောင်အဆင့်" သတ်မှတ်ထုတ်ပြန်လိုက်သည်။ လက်ရှိတွင် အဆိုပါမုန်တိုင်းမှာ ကိုကိုးကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၈၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဗဟိုပြုနေပြီး၊ လာမည့် ၂၄ နာရီအတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ သီရိလင်္ကာနိုင်ငံ၊ ပေါ့တူဗီလ်မြို့နှင့် ထရီကိုမာလီမြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။ မုန်တိုင်းမှာ မြန်မာနိုင်ငံနှင့် အလွန်ကွာဝေးသည့် နေရာတွင် ရှိနေသော်လည်း ပင်လယ်ပြင်အခြေအနေနှင့် မိုးလေဝသပြောင်းလဲမှုများကို ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။
Jan 09 • 5:11 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 49 | 0 | 0 | 0 |


