back

မင်းသမီးအန်ဂျလီနာဂျိုလီ ကမ္ဘောဒီးယားမှာ ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေ

Jan 09 • 5:09 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

မင်းသမီးအန်ဂျလီနာဂျိုလီ ကမ္ဘောဒီးယားမှာ ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေ

အမေရိကန်ရုပ်ရှင်မင်းသမီးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ အန်ဂျလီနာဂျိုလီဟာ အမေရိကန်ပြင်ပမှာ အေးအေးလူလူ နေထိုင်သွားဖို့ ပြင်ဆင်နေပြီး၊ ကမ္ဘ...

အမေရိကန်ရုပ်ရှင်မင်းသမီးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ အန်ဂျလီနာဂျိုလီဟာ အမေရိကန်ပြင်ပမှာ အေးအေးလူလူ နေထိုင်သွားဖို့ ပြင်ဆင်နေပြီး၊ ကမ္ဘောဒီးယားနိုင်ငံကို ပြောင်းရွှေ့နေထိုင်ဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။ဂျိုလီဟာ ၂၀၁၆ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ ၂၅ သန်းနဲ့ ဝယ်ယူခဲ့တဲ့ လော့စ်အိန်ဂျလိစ်က သူ့အိမ်ကြီးကို ရောင်းဖို့ ပြင်နေပြီး ဝယ်ယူမယ့်သူတွေ လာရောက်ကြည့်နေပြီလို့ ဆိုပါတယ်။ အခု အသက် ၅၀ အရွယ်ရှိပြီဖြစ်ပြီး သားသမီး ၆ ယောက်ရဲ့ မိခင်ဖြစ်တဲ့ ဂျိုလီဟာ သူရဲ့ဖက်ရှင်ဆိုင်ရှိရာနယူးယောက်မြိူ့ရယ်၊ ဥရောပရယ်နဲ့ ကမ္ဘောဒီးယား (၃) နေရာမှာ အချိန်ခွဲပြီး နေထိုင်သွားဖို့ ရှိနေပါတယ်လို့ ဆိုပါတယ်။မနှစ်က ဖေဖော်ဝါရီလတုန်းက ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုမှာ ဂျိုလီကို "ဘယ်နေရာကို အိမ်လို့ သတ်မှတ်သလဲ" လို့ မေးခဲ့ရာမှာ သူက "ကျွန်မရဲ့ နှလုံးသားထဲမှာတော့ ကမ္ဘောဒီးယားပါပဲ" လို့ ပြန်ဖြေခဲ့ပါတယ်။ဂျိုလီရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်ချက်တွေကြောင့် ၂၀၀၅ ခုနှစ်မှာ ကမ္ဘောဒီးယားဘုရင်က သူမကို ကမ္ဘောဒီးယား နိုင်ငံသားအဖြစ် ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂျိုလီဟာ ကမ္ဘောဒီးယားမှာ အိမ်နဲ့ မြေဧကပေါင်း ၁၄၈,၀၀၀ ကျော်ကို ဝယ်ယူခဲ့ပြီး အခုထက်ထိ ပိုင်ဆိုင်ထားဆဲ လို့ ဆိုပါတယ်။

news-view-count-icon

11