ထိုင်းနိုင်ငံတွင် ကိုယ်ခံအားစနစ်ကို ရှောင်တိမ်းနိုင်စွမ်းရှိသည့် ဗီဇပြောင်းတုပ်ကွေးရောဂါပိုး A H3N2 (K type) ပျံ့နှံ့နေပြီး ကာကွယ်ဆေး၏ အာနိသင်ကို လျော့နည်းစေသဖြင့် ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာကြောင်း ချူလာလောင်ကွန်းတက္ကသိုလ်မှ ဗိုင်းရပ်စ်ပညာရှင် Professor Yong Poovorawan က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် သတိပေးလိုက်သည်။ အဆိုပါဗိုင်းရပ်စ်သစ်ကြောင့် ကာကွယ်ဆေးထိရောက်မှု လျော့ကျနိုင်သော်လည်း ရောဂါပြင်းထန်မှုမှာ ပိုမိုဆိုးရွားခြင်းမရှိဘဲ လက်ရှိဗိုင်းရပ်စ်သတ်ဆေးများဖြင့် ကုသနိုင်ဆဲဖြစ်သည်။ လာမည့်မိုးရာသီတွင် ရောဂါပြန်လည်မြင့်တက်လာနိုင်သဖြင့် မတ်လအတွင်း ရောက်ရှိလာမည့် တုပ်ကွေးကာကွယ်ဆေးအသစ်များကို ထိုးနှံထားကြရန်နှင့် လက်ရှိကာကွယ်ဆေးများသည်လည်း ဘေးကင်းပြီး ဈေးနှုန်းသက်သာသဖြင့် ကြိုတင်ကာကွယ်ထားသင့်ကြောင်း တိုက်တွန်းထားပါသည်။
Jan 09 • 3:10 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


