back

ထိုင်းရောက် တရားမဝင် မြန်မာလုပ်သားများအတွက် CI စာအုပ်ထုတ်ပေးရန် နှစ်နိုင်ငံ ထပ်မံဆွေးနွေး

Jan 09 • 2:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရောက် တရားမဝင် မြန်မာလုပ်သားများအတွက် CI စာအုပ်ထုတ်ပေးရန် နှစ်နိုင်ငံ ထပ်မံဆွေးနွေး

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးနိုင်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံတ...

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးနိုင်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် ဗွီဒီယိုကွန်ဖရင့်မှတစ်ဆင့် ထပ်မံဆွေးနွေးခဲ့ကြသည်။ ထိုင်းအစိုးရက ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလများတွင် ဘတ်ပန်းရောင်လက်မှတ်များ ထုတ်ပေးခဲ့သော်လည်း ပတ်စပို့မရှိသည့် လုပ်သားများမှာ တရားဝင်ဖြစ်လာစေရန် CI စာအုပ်ကို စောင့်ဆိုင်းနေကြရခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲသို့ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာအလုပ်သမားသံအရာရှိတို့ တက်ရောက်ခဲ့ကြပြီး CI စာအုပ်ထုတ်ပေးမည့် လုပ်ငန်းစဉ်များအား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

9