ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ၁၇ လွှာအဆင့်မြင့် မင်္ဂလာဈေးသစ်ကြီးမှ ဆိုင်ခန်းများကို Sun Myat Tun Construction ကုမ္ပဏီမှတစ်ဆင့် ဘဏ်ချိတ်စနစ်ဖြင့် အရစ်ကျဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၆ လွှာမှ ၈ လွှာအထိရှိ ဆိုင်ခန်းများကို ရောင်းချပေးနေပြီး ၁၀ ပေပတ်လည် တစ်ခန်းလျှင် ကျပ်သိန်း ၂၃၀၀ ကျော်မှ စတင်ကာ ဘဏ်နှင့်ချိတ်ဆက်၍ ၃ နှစ်မှ ၁၀ နှစ်အထိ ခွဲခြားပေးချေနိုင်မည်ဖြစ်သည်။ အဆိုပါဈေးသစ်ကြီးတွင် ယခင်ဈေးသူဈေးသားဟောင်းများအတွက် ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော်ကို မြေညီထပ်မှ ၄ လွှာအထိ ပြန်လည်နေရာချပေးထားပြီး ဖြစ်ကြောင်းလည်း သိရှိရပါသည်။
Jan 09 • 2:55 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 34 | 0 | 0 | 0 |


