back

မြန်မာ့ရိုးရာမုန့်မျိုးစုံပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများကို ယင်လုံမှန်အိမ်နှင့် အရင်းအနှီးမတည်ငွေများ ချီးမြှင့်မည်

Jan 09 • 2:53 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာ့ရိုးရာမုန့်မျိုးစုံပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများကို ယင်လုံမှန်အိမ်နှင့် အရင်းအနှီးမတည်ငွေများ ချီးမြှင့်မည်

မြန်မာ့ရိုးရာမုန့်များ ပြန်လည်ထွန်းကားလာစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးမှုအလေ့အထများ တိုးတက်လာစေရန်ရည်ရွယ်၍ မြန်မာဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်...

မြန်မာ့ရိုးရာမုန့်များ ပြန်လည်ထွန်းကားလာစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးမှုအလေ့အထများ တိုးတက်လာစေရန်ရည်ရွယ်၍ မြန်မာဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်း (AMJSEDC) က ကြီးမှူးသော မြန်မာ့ရိုးရာမုန့်မျိုးစုံပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ဗဟန်းမြို့နယ်၊ မြေပဒေသာကျွန်း၌ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲနှင့် ရိုးရာမုန့်မျိုးစုံတို့ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အမှန်တကယ်ရောင်းချနေသူများနှင့် ဆက်လက်ရောင်းချလိုသူများကို ဦးစားပေးရွေးချယ်မည်ဖြစ်သည်။ အုပ်စုတစ်ခုလျှင် သန့်ရှင်းကောင်းမွန်စွာ ပြုလုပ်နိုင်သူ တစ်ဦးစီကို ရွေးချယ်၍ မုန့်ရောင်းချရန် ယင်လုံမှန်အိမ်တစ်လုံးနှင့် လုပ်ငန်းအမျိုးအစားအလိုက် အရင်းအနှီးမတည်ငွေများကို ဆုအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

81