back

ကရင်ပြည်နယ်၊မြဝတီမြို့တွင် အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်း ကြိုးတုတ်ကာ ရိုက်သတ်ခဲ့သူ နှစ်ဦးကို ဖမ်းမိ

Jan 09 • 2:34 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊မြဝတီမြို့တွင် အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်း ကြိုးတုတ်ကာ ရိုက်သတ်ခဲ့သူ နှစ်ဦးကို ဖမ်းမိ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဝေဘာဂီလမ်းရှိ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သော အမျိုးသမီးကို နေအိမ်အတွင်း ကြိုးတုတ်ကာ ရိုက်သတ်ခဲ့သူ နှစ်ဦးကို ဖမ်းမိခဲ...

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဝေဘာဂီလမ်းရှိ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သော အမျိုးသမီးကို နေအိမ်အတွင်း ကြိုးတုတ်ကာ ရိုက်သတ်ခဲ့သူ နှစ်ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။အသတ်ခံရသည့် အသက် ၄၂ နှစ်အရွယ် ဒေါ်မေဆန်း ဆိုသူမှာ မြဝတီမြို့၊ ဘုရင့်နောင်ဈေကြီးတွင် ကုန်စုံဆိုင်ဖွင့်ထားသူ ဖြစ်သည်။ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ဝေလီ‌ဝေလင်းအချိန်လောက်တွင် နေအိမ်မှ ဘုရင်နောင်ဈေးကြီးသို့ သွားရန်ပြင်ဆင်စဉ် အမျိုးသား နှစ်ဦးမှ ရောက်ရှိလာပြီး လက် နှင့် ခြေကို ကြိုးတုပ်၍ မျက်နှာကို အဝတ်ဖြင့်စည်းကာ ပါလာသော တုတ်ဖြင့် ရိုက်သတ်၍ ၎င်း၏ လက်ကိုင်အိတ်အား ယူငင်သွားခဲ့သည်။ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ ဒေါ်မေဆန်း၏ အိမ်အနောက်ဘက် မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဝိဓူရလမ်းတွင်နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် ဖိုးလပြည့်(ခ)စည်သူဟိန်းနှင့် အသက် ၂၈ နှစ်အရွယ် ကျော်ခိုင်ဦ ဆိုသူတို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို မြဝတီ မြို့မရဲစခန်း၌ ဖမ်းဆီးကာ အမှုဖွင့် အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

32