စင်ကာပူနိုင်ငံအခြေစိုက် SGX-listed ကုမ္ပဏီတစ်ခုဖြစ်တဲ့ MDR ရဲ့ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် (COO) ဟောင်း Richard Siua Cheng Foo ဆိုသူဟာ ကုမ္ပဏီပိုင် မိုဘိုင်းလ်ဖုန်းနဲ့ ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုး စင်ကာပူဒေါ်လာ ၂.၅ သန်းကျော် ကို အလွဲသုံးစားပြုလုပ်ခဲ့တဲ့အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ်နဲ့ ၆ လ ကျခံစေဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ အမျိုးသားဟာ MDR ကုမ္ပဏီရဲ့ လက်အောက်ခံခွဲတွေဖြစ်တဲ့ 3 Mobile Telecom၊ Handphoneshop နဲ့ A-Mobile တို့မှာလည်း အမှုဆောင်အရာရှိချုပ်နဲ့ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ဒါ့အပြင် အဆိုပါကုမ္ပဏီရဲ့ လက်အောက်ခံခွဲတစ်ခုက အရောင်းဒါရိုက်တာဟောင်း Peter Ng Eng Ming ဆိုသူဟာလည်း အလားတူ ပစ္စည်းအလွဲသုံးစားမှုမျိုးနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လက ထောင်ဒဏ် ၁ နှစ်နဲ့ ၁၁ လ အပြစ်ပေးခံခဲ့ရပါသေးတယ်။



