၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1) မှာ ကျင်းပသွားမှာဖြစ်ကာမနေ့ ဇန်နဝါရီ ၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။အကယ်ဒမီ ထူးချွန်ဆုတွေ ချီးမြှင့်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ်မှာ ပြသခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားပေါင်း ၇၂ ကားကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်မှ စတင်ကာ စိစစ်ကြည့်ရှု အကဲဖြတ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သိရပါတယ်။
အဲဒီလို စိစစ်အကဲဖြတ်နိုင်ဖို့ အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ပထမအဆင့် အကဲဖြတ်မှုကို အရင်နှစ်နဲ့မတူဘဲ အကယ်ဒမီရပြီးသား ဝါရင့်အနုပညာရှင်၊အတတ်ပညာရှင်တွေရဲ့ အကဲဖြတ်မှုကို လိုချင်တဲ့အတွက် ဖိတ်ခေါ်ကာ လူဦးရေ အကန့်သတ်မရှိ အကဲဖြတ်နေကြတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ၂၀၂၅ ခုနှစ်မှာ ပြသခဲ့တဲ့ ဇာတ်ကား ၇၂ ကားထဲက ထူးချွန်ဆု ချီးမြှင့်ပွဲအတွက် အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၂၁ ကားကို ဒုတိယအကြိမ် ပြန်လည်ကြည့်ရှုမှုတွေ စတင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။၂၀၂၅ ခုနှစ်အတွက် တစ်ပြေးနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ နတ်ဝင်သည်၊ မြေစာ၊ မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်၊ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး စတဲ့ ဇာတ်ကားတွေဖြစ်ပြီး အမျိုးသား ဇာတ်ဆောင်ဆုအတွက် နေတိုး၊ မြင့်မြတ်၊ အလင်းရောင်၊ နေဝင်း၊ အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ ခင်ဝင့်ဝါ၊ ရတနာဗိုတို့က ရေပန်းစားနေတာကို တွေ့ရပါတယ်။



